#imagemove { padding:0; margin-left:30px; list-style-type:none; height:120px; } #imagemove li { display:block; float:left; width:120px; height:120px; position:relative; margin:0 15px 7px 0; } #imagemove li a { display:block; width:120px; height:120px; background:transparent; overflow:hidden; position:relative; padding:5px; } #imagemove li a img { width:100%; height:100%; border:0; margin-right:30px; padding:5px; } #imagemove li a:hover{ position:absolute; left:0px; top:20px; padding:5px; width:120px; height:120px; z-index:100; } ဖိုးခွါးလေး zaw IT နည်းပညာ စုစည်းမှု http://i643.photobucket.com/albums/uu153/nirav07/green1.gif

16 December, 2012

Zawgyi-One for Samsung Galaxy Phones

Samsung Galaxy အမျိုးအစားဖုန်းတွေဟာ root လုပ်စရာမလိုဘဲ မြန်မာဖောင့်ထည့်သွင်းနိုင်ပါတယ်။ Samsung Galaxy ဖုန်းတွေမှာမြန်မာစာမြင်ရဖို့အတွက်အောက်မှာပေးထားတဲ့ဖိုင်လေးကိုအရင် download ရယူလိုက်ပါ။



ရယူပြီးပြီဆိုရင်တော့ Zawgyi-One apk ဖိုင်လေးကိုဖုန်းထဲမှာ install လုပ်လိုက်ပါ။ ပြီးလျှင် Setting > Display > Font ထဲသို့သွားပြီး Zawgyi-One ကိုရွေးပေးလိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ Samsung Galaxy အမျိုးအစားဖုန်းမှာ root လုပ်စရာမလိုဘဲ မြန်မာ font သွင်းကာ မြန်မာစာမြင်နိုင်ပြီဖြစ်ပါတယ်

Window 7 သမားများအတွက် ဇော်ဂျီ font




Window7သုံးပြီးဇော်ဂျီဖောင့်သုံးမရတဲ့ သူငယ်ချင်းများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ယခု ဖော်ပြပေးတဲ့ ဇော်ဂျီဖောင့် Installer ကို အသုံးပြုကြည့်ပါ။ ဒီဖောင့်က Window 7 မှာ အဆင်ပြေတယ် ပြောပါတယ်။ သုံးကြည့်ပါ။ ဒီဖောင့် ကိုဒေါင်းပြီး အရင်ဆုံး Install လုပ်လိုက်ပါ ပြီးရင်တော့ အောက်မှာပေးထားတဲ့လင့်ခ် ကိုဒေါင်းလိုက် ဒေါင်းပြီးရင် zip ဖြည်လိုက်ပါ အဲဒီထဲမှာပါတဲ့ setup ဆိုတာလေးကို doubel click နဲ့ Install လုပ်လိုက်ပါနော်…။ windows7 64bit နဲ့ zawgyi font ရိုက်လို့ မရတဲ့ပြဿနာတက်နေတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်…window 7 အတွက်ကတော့ အခု အောက်မှာပေးထားတဲ့ လင့်ခ်လေးက ဒေါင်းလော့ခ်ဆွဲလိုက်ပါခင်ဗျာ။ window 7 သမားတွေ အဆင်ပြေ ချောမွေ့နိုင်ကြပါစေ.....။

စ်သူကိုနမ်းခြင်းဖြင့်ကျန်းမာရေးထောက်ကူပေးခြင်း

သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။


တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။

၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။

၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။

၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။

၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား???။မူလဆောင်းပါးဧ။်အနှစ်အရသာ
ပျောက်ပျက်သွားမည်ဖြစ်သောကြောင့်ကော်ပီဖော်ပြထားခြင်းဖြစ်ပါသည်။

02 December, 2012

မြန်မာxအင်္ဂလိxဖောင့် မျိုးစုံ




ကဲ ဒီနေ့တော့ Flash Song လုပ်တာ ဝါသနာပါတဲ့ သူငယ်ချင်းတွေအတွက်ရော..

Photoshop တို့ ဒီဇိုင်းလုပ်တာ ဝါသနာပါတဲ့ သူငယ်ချင်းတွေအတွက်ရော

မြန်မာဖောင့် လှလှလေးတွေ တင်ပေးလိုက်ပါတယ်နော်..

လိုချင်တယ်ဆိုရင်တော့ အောက်မှာ Download ပေးထားပါတယ်။

1. Metrix ၊ ဒီမှာနှိပ်ပါ။
2. ArtHouse ၊(Open&TrueType) ဒီမှာနှိပ်ပါ။
3. Win Myanmar 2 ၊ ဒီမှာနှိပ်ပါ။
4. Shwe ၊ ဒီမှာနှိပ်ပါ။
5. Academy ၊ ဒီမှာနှိပ်ပါ။
6. Aeyar ၊ ဒီမှာနှိပ်ပါ။
7. CE ၊ ဒီမှာနှိပ်ပါ။
8. U4Myanmar ၊ ဒီမှာနှိပ်ပါ။
9. King ၊ ဒီမှာနှိပ်ပါ။
Font တွေကို ခေါင်းစဉ်အလိုက် ကိုးမျိုး တပ်ထားပါတယ်။ တစ်မျိုးစီမှာ Font
အရေအတွက် တော်တော်များများ ပါ ပါတယ်။ မြန်မာဖောင့် ၂၀၀ ကျော်ပါပါသည်။

13 November, 2012

Window7 uploader (producut key serial crack)


                             
Windows7loader_1.5





ဒီဖိုင်လေးက window7 ရှိပြီး update မလုပ်နိုင်၊ တရားဝင်မသုံးနိုင်တဲ့လူတွေအတွက်ပါ... ဒီဖိုင်လေးကို install လုပ်လိုက်တာနဲ့ တသက်စာ တရားဝင် သုံးနိုင်မှာ ဖြစ်ပါတယ်... Update လုပ်လဲ အေးရာအေးကြောင်းပေါ့... နောက်တခုက အနောက်နိုင်ငံ တော်တော်များများမှာ တရားမဝင်သုံးရင် ဒဏ်ကြေးကလဲ ကြီးလှပါတယ်... ဒါလေး run ပြီးလုပ်လိုက်ခြင်းအားဖြင့် စိတ်ချလက်ချ သုံးနိုင်မှာပါ... ဒီဖိုင်လေးနဲ့ပဲ မျှဝေသူမှာလဲ Window7 သုံးနေတာပါ... ကိုယ်တိုင်သုံးပြီး စိတ်ချရလို့ တင်ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်...


Window7 ကို product key မရှိသူများအတွက်ဆိုတာ သတိပေးပါရစေ...

window7 uploader ကို အသုံးမပြုခင် ကွန်ပြူတာကို window update လုပ်ခဲ့ရင် ဤ
software ကို လုံးဝ(လုံးဝ)အသုံးမပြုရန် ပြောချင်ပါတယ်....
အသုံးပြုပုံက ဒီဖိုင်ကို ဖွင့်ပြီး window7 uploader 1.5 ဆိုတာလေးကို run လိုက်ပါ... ပြီးရင် ကွန်ပြူတာအမျိုးအည်တွေ တွေ့ရပါလိမ့်မယ်... ကိုယ်အသုံးပြုတဲ့ computer နာမည်ကို click တချက်ပေးလိုက်ပါ... browser လေးတခုကျလာပါလိမ့်မယ်... ok ဆိုတာကို ဆက်နှိပ်ပြီး အောက်နားက အလယ်တည့်တည့်မှာပါတဲ့ install 7 loader ကို တွေ့ရပါလိမ့်မယ်... အဲဒါလေးနှိပ်ပြီး သူ့ဟာသူအလုပ်သွားမှာဖြစ်ပါတယ်... ပြီးတာနဲ့ restart ကျသွားပါလိမ့်မယ်... ပြန်တက်လာတဲ့အချိန်ကျတော့ သင့်ရဲ့ ကွန်ပြူတာလေးက produckt key နဲ့ ဖြစ်သွားပြီပေါ့... Update တွေလဲ လုပ်လို့ရပြီပေါ့ ခင်ဗျာ...



အားလုံးပဲ ပျော်ရွှင်ကြပါစေ ခင်ဗျာ...
  တိုက်ဖါး

မှတ်ချက်။    ။Window တင်ပြီးပြီးချင်းတင်က ပိုကောင်းပါတယ်... မတင်ခင် Internet conection ကို ဖြတ်ဖို့ လုံးဝမမေ့ပါနဲ့...Window ကို crack လုပ်တဲ့အချိန်မှာ Internet ဆက်ရင်ရတယ်ဆိုပေမယ့် မကြာခင် crack ပြန်ပျက်နိုင်ပါတယ်....