ကွန်ပျူတာ လျှင်မြန်ဖို့အတွက်ဆိုရင် ဒုတိယ တစ်နည်းကတော့ မိမိမှာ
အသုံးမပြုဘဲ အပိုဖြစ်နေတဲ့ USB Flash Drive/Memory Stick တစ်ခုကို ထပ်တိုး
RAM အနေနဲ့ အသုံးပြုတဲ့နည်းလမ်းဖြစ်ပါတယ်။ USB Stick မှ မဟုတ်ပါဘူး ဖုံး Memory Card တွေအားလုံးကို အသုံးပြုလို့ရပါတယ်။
Ready
Boost ဆိုတဲ့ နည်းပညာဟာ Windows Vista မှာ စပြီး ပါဝင်လာခဲ့ပါတယ်။ Windos
7မှာလည်း အဆိုပါနည်းပညာ ပါဝင်ပါသေးတယ်။ Ready Boost ကတော့ USB Flash
Drive/Memory Stick ရဲ့ Free Space ကို မိမိစက်အတွက် Memory အဖြစ်
အငှားယူသုံးပြီး လျှင်မြန်အောင် လုပ်ပေးနိုင်တဲ့ နည်းစနစ်တစ်ခုပါ။ USB
Drive တွေရဲ့ ရေးနှုန်း၊ ဖတ်နှုန်းဟာ HDD ဟာ့ဒစ်တွေရဲ့
ရေးနှုန်းဖတ်နှုန်းထပ် ပိုမြန်ပါတယ်။ အဲ့ဒါကြောင့် ဟာ့ဒစ်မှာ Virtual
Memory ကိုတိုးပြီး မြန်အောင် ပြုလုပ်တာထပ် အခုနည်းလမ်းက စက်ကို ပိုပြီး
မြန်ဆန်စေတယ်လို့ ဆိုလို့ရပါတယ်။
Step1. USB
Flash Drive တစ်ခုကို တပ်လိုက်ရင် Option Box တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ
Option တွေရဲ့ အောက်ဆုံးမှာ Speed Up My PC (Using Windows ReadyBoost)
ဆိုတဲ့ Option တစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီ Option ကို
ရွေးချယ်လိုက်မယ်ဆိုရင် မိမိ တပ်လိုက်တဲ့ USB Drive ရဲ့ Properties Menu
ကို ရောက်သွားပါလိမ့်မယ်။ အဲ့ဒီမှာ တစ်ခါတည်း ReadyBoost ဆိုတဲ့ Tap ကို
ရွေးချယ်ထားပြီးသား ဖြစ်ပါလိမ့်မယ်။
Step2. Use This Device ကို
ရွေးချယ်ပေးပြီး Apply ကို နှိပ်လိုက်မယ်ဆိုရင် မိမိရဲ့ USB Drive ဟာ RAM
တစ်ခုအနေနဲ့ စက်ရဲ့ Performace ကို မြန်အောင် ပြုလုပ်ပေးဖို့
အဆင်သင့်ဖြစ်သွားမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ Windows က မိမိ စက်နဲ့
အသင့်တော်ဆုံး RAM ပမါဏကို ရွေးချယ်ပေးပြီးသားဖြစ်ပါလိမ့်မယ်။
များသောအားဖြင့် မိမိစက်မှာ ရှိတဲ့ Physical Memory/RAM ရဲ့ ၂ဆကို
ရွေးချယ်ပေးလေ့ရှိပါတယ်။ သို့ပါသော်လည်း မိမိ USB Drive မှာ
Space/နေရာလွတ်တွေရှိတယ်ဆိုရင် အဲ့ဒီနေရာလွတ် အကုန်ကို RAM အနေနဲ့
အသုံးပြုလို့ရပါတယ်။
Ready
Boost က USB Device မှာ ရှိတဲ့ နေရာကို အသုံးပြုမှာ ဖြစ်တဲ့အတွက်
မိမိသက်မှတ်ပေးလိုက်တဲ့ USB မှာ နေရာသွားယူမှာ ဖြစ်ပါတယ်။
အဲ့ဒီ အတွက် မိမိ USB က နေရာလွတ်တွေ ကုန်သွားတာ တွေ့ရပါလိမ့်မယ်။ Memory
Stick ထဲမှာ သွားကြည့်မယ်ဆိုရင် ReadyBoost ဆိုတဲ့ File
တစ်ခုကိုတွေ့ရမှာဖြစ်ပြီး အဲ့ဒီ File Size ဟာလဲ မိမိပေးခဲ့တဲ့ Memory
အရွယ်အစားအတိုင်းရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။
ကို သုံးတာက ပိုမို ဈေးသက်သာပြီး
ထိရောက်ပါလိမ့်မယ်။ DDR2 စက်တွေသာ မဟုတ်ဘဲ တခြားစက်တွေမှာလည်း RAM နည်းလို့
စက်ကြီးနှေးနေရင်၊ မိမိမှာလဲ ပိုနေတဲ့ Memory Stick တစ်ခုရှိမယ်ဆိုရင် အခု
နည်းလမ်းက အလွယ်ကူဆုံး စက်မြန်အောင် လုပ်လို့ရတဲ့ နည်းလမ်းဖြစ်ပါတယ်။
RAM
နဲနဲပဲ ရှိတဲ့ စက်မှာ ReadyBoost အသုံးမပြုခင်က အမြန်နှုန်းနဲ့ ReadyBoost
သုံးပြီး အမြန်နှုန်းကို နှိုင်းယှဉ်ကြည့်ပါ။ သိသိသာသာ လျှင်မြန်လာတာကို
တွေ့ရပါလိမ့်မယ်။
How Ready Boost Work Video!
ဗွီဒီယို ဖြင့် ဒီမှာကြည့် နိုင်http://windows.microsoft.com/is-IS/windows7/products/features/ready...