#imagemove { padding:0; margin-left:30px; list-style-type:none; height:120px; } #imagemove li { display:block; float:left; width:120px; height:120px; position:relative; margin:0 15px 7px 0; } #imagemove li a { display:block; width:120px; height:120px; background:transparent; overflow:hidden; position:relative; padding:5px; } #imagemove li a img { width:100%; height:100%; border:0; margin-right:30px; padding:5px; } #imagemove li a:hover{ position:absolute; left:0px; top:20px; padding:5px; width:120px; height:120px; z-index:100; } ဖိုးခွါးလေး zaw IT နည်းပညာ စုစည်းမှု: March 2013 http://i643.photobucket.com/albums/uu153/nirav07/green1.gif

11 March, 2013

မိမိ ကွန်ပျူတာတွင် RAM အလွယ်တကူ တိုးနည်း (၂)


ကွန်ပျူတာ လျှင်မြန်ဖို့အတွက်ဆိုရင် ဒုတိယ တစ်နည်းကတော့ မိမိမှာ အသုံးမပြုဘဲ အပိုဖြစ်နေတဲ့ USB Flash Drive/Memory Stick တစ်ခုကို ထပ်တိုး RAM အနေနဲ့ အသုံးပြုတဲ့နည်းလမ်းဖြစ်ပါတယ်။ USB Stick မှ မဟုတ်ပါဘူး ဖုံး Memory Card တွေအားလုံးကို အသုံးပြုလို့ရပါတယ်။


Ready Boost ဆိုတဲ့ နည်းပညာဟာ Windows Vista မှာ စပြီး ပါဝင်လာခဲ့ပါတယ်။ Windos 7မှာလည်း အဆိုပါနည်းပညာ ပါဝင်ပါသေးတယ်။ Ready Boost ကတော့ USB Flash Drive/Memory Stick ရဲ့ Free Space ကို မိမိစက်အတွက် Memory အဖြစ် အငှားယူသုံးပြီး လျှင်မြန်အောင် လုပ်ပေးနိုင်တဲ့ နည်းစနစ်တစ်ခုပါ။ USB Drive တွေရဲ့ ရေးနှုန်း၊ ဖတ်နှုန်းဟာ HDD ဟာ့ဒစ်တွေရဲ့ ရေးနှုန်းဖတ်နှုန်းထပ် ပိုမြန်ပါတယ်။ အဲ့ဒါကြောင့် ဟာ့ဒစ်မှာ Virtual Memory ကိုတိုးပြီး မြန်အောင် ပြုလုပ်တာထပ် အခုနည်းလမ်းက စက်ကို ပိုပြီး မြန်ဆန်စေတယ်လို့ ဆိုလို့ရပါတယ်။


Step1. USB Flash Drive တစ်ခုကို တပ်လိုက်ရင် Option Box တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ Option တွေရဲ့ အောက်ဆုံးမှာ Speed Up My PC (Using Windows ReadyBoost) ဆိုတဲ့ Option တစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီ Option ကို ရွေးချယ်လိုက်မယ်ဆိုရင် မိမိ တပ်လိုက်တဲ့ USB Drive ရဲ့ Properties Menu ကို ရောက်သွားပါလိမ့်မယ်။ အဲ့ဒီမှာ တစ်ခါတည်း ReadyBoost ဆိုတဲ့ Tap ကို ရွေးချယ်ထားပြီးသား ဖြစ်ပါလိမ့်မယ်။

Step2. Use This Device ကို ရွေးချယ်ပေးပြီး Apply ကို နှိပ်လိုက်မယ်ဆိုရင် မိမိရဲ့ USB Drive ဟာ RAM တစ်ခုအနေနဲ့ စက်ရဲ့ Performace ကို မြန်အောင် ပြုလုပ်ပေးဖို့ အဆင်သင့်ဖြစ်သွားမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ Windows က မိမိ စက်နဲ့ အသင့်တော်ဆုံး RAM ပမါဏကို ရွေးချယ်ပေးပြီးသားဖြစ်ပါလိမ့်မယ်။ များသောအားဖြင့် မိမိစက်မှာ ရှိတဲ့ Physical Memory/RAM ရဲ့ ၂ဆကို ရွေးချယ်ပေးလေ့ရှိပါတယ်။ သို့ပါသော်လည်း မိမိ USB Drive မှာ Space/နေရာလွတ်တွေရှိတယ်ဆိုရင် အဲ့ဒီနေရာလွတ် အကုန်ကို RAM အနေနဲ့ အသုံးပြုလို့ရပါတယ်။

Ready Boost က USB Device မှာ ရှိတဲ့ နေရာကို အသုံးပြုမှာ ဖြစ်တဲ့အတွက် မိမိသက်မှတ်ပေးလိုက်တဲ့  USB မှာ နေရာသွားယူမှာ ဖြစ်ပါတယ်။ အဲ့ဒီ အတွက် မိမိ USB က နေရာလွတ်တွေ ကုန်သွားတာ တွေ့ရပါလိမ့်မယ်။ Memory Stick ထဲမှာ သွားကြည့်မယ်ဆိုရင် ReadyBoost ဆိုတဲ့ File တစ်ခုကိုတွေ့ရမှာဖြစ်ပြီး အဲ့ဒီ File Size ဟာလဲ မိမိပေးခဲ့တဲ့ Memory အရွယ်အစားအတိုင်းရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။
ကို သုံးတာက ပိုမို ဈေးသက်သာပြီး ထိရောက်ပါလိမ့်မယ်။ DDR2 စက်တွေသာ မဟုတ်ဘဲ တခြားစက်တွေမှာလည်း RAM နည်းလို့ စက်ကြီးနှေးနေရင်၊ မိမိမှာလဲ ပိုနေတဲ့ Memory Stick တစ်ခုရှိမယ်ဆိုရင် အခု နည်းလမ်းက အလွယ်ကူဆုံး စက်မြန်အောင် လုပ်လို့ရတဲ့ နည်းလမ်းဖြစ်ပါတယ်။

RAM နဲနဲပဲ ရှိတဲ့ စက်မှာ ReadyBoost အသုံးမပြုခင်က အမြန်နှုန်းနဲ့ ReadyBoost သုံးပြီး အမြန်နှုန်းကို နှိုင်းယှဉ်ကြည့်ပါ။ သိသိသာသာ လျှင်မြန်လာတာကို တွေ့ရပါလိမ့်မယ်။

How Ready Boost Work Video!
ဗွီဒီယို ဖြင့် ဒီမှာကြည့် နိုင်http://windows.microsoft.com/is-IS/windows7/products/features/ready...

မိမိကွန်ပျူတာတွင် RAM အလွယ်တကူ တိုးနည်း

စာဖတ်သူတော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။ မိမိ လက်ရှိအသုံးပြုနေတဲ့ ကွန်ပျူတာကို Speed - ၆၀ ရာခိုင်နှုန်းမြင့်တင်ခြင်း ဖြစ်ပါတယ်။ ဒီအတွက် RAM တိုးဖို့ လိုအပ်ပါတယ်။


ဒီ trick အတိုင်းသွားရင် ကွန်ပျူတာတွင်းက Hard disk ရဲ့  အချို့ အစိတ်အပိုင်းကို Virtual RAM အနေနဲ့ အသုံးချလို့ ရမှာ ဖြစ်ပါတယ်။ RAM တိုးတယ်ဆိုလို့ အမှန်တကယ်တော့ အခြား Hard disk က Space ကို ချေးငှားအသုံးပြုလုပ်တာ ဖြစ်ပါတယ်။  အမှန်တကယ်လည်း RAM တိုးပြီး လုပ်ဆောင်ချက် မြန်သွားပါတယ်။ အောက်ပါအဆင့်အတိုင်း သွားနိုင်ပါတယ်။

၁။ My Computer ကို right click နှိပ်ပြီး Properties ထဲဝင်ပါ။

၂။ Advance tab ထဲကိုဝင်ပါ။

၃။ Performance section ထဲက Setting botton ကိုဝင်ရပါမယ်။

၎။ Advance Tab ကိုပဲ ထပ်ဝင်ရပါမယ်။

၅။ Virtual Memory အောက်မှ Change ဆိုတာကို နှိပ်ရပါမယ်။

၆။ Drive C ကိုရွေးချယ်ရပါမယ်။

၇။ Custom Size ကိုရွေးချယ်ရပါမယ်။

၈။ Automatically manage မှာ အမှန်ခြစ်ထားတာလေး ဖြုတ်ပြီး ဒီလိုဖြည့်ရပါမယ်။

Intial Size မှာ 5GB အတွက်ဆိုရင် 5000 . 2GB အတွက်ဆိုရင် 2000 ကို ဖြည့်ပေးရပါမယ်။ စာဖတ်သူတို့ ကိုယ်ကြိုက်တာ ထည့်နိုင်ပါတယ်။
Maximan Size မှာ 5GB အတွက် 5000 ဖြည့်ပေးရပါမယ်။ သဘောကတော့ Virtual Memory ကအနေနဲ့ Local Disk C က 5GB ယူသုံးတာဖြစ်ပါတယ်။
၁၀။  Set ဆိုတဲ့ Buttom ကိုနှိပ်နိုင်ပါတယ်။ ပြီးရင် OK ပေါ်သမျှ လိုက်နှိပ်ပြီး Apply လည်းပါဝင်ပါတယ်။

ပြီးရင် ကွန်ပျူတာကို Restart လုပ်ပေးလို့ တောင်းဆိုလာပါလိမ့်မယ်။
ကွန်ပျူတာ Restart လုပ်ပြီးရင်တော့ ယခင်ကထက် နှစ်ဆကျော် (၆၀ရာခိုင်နှုန်း) ပိုမြန်တဲ့ ကွန်ပျူတာကို အသုံးပြုနိုင်ပါတယ်။

လေအဟုန်ဖြင့် ရောက်ရှိစေ..

ဖိုင်တွေကိုတစ်နေရာက တစ်နေရာကို ပိုချင်ရင် ဒီဆိုဒ်လေးက အသုံးဝင်မှာပါ။


သည်ဆိုဒ်မှာ ဖိုင်အမျိုးအစားမရွေး ကူသန်းပိုဆောင်လို့ရပါတယ်။ အရင်ဆုံး

www.efshare.com ကိုဖွင့်ပါ။ ပြီးရင်ဖိုင်ရှိတဲ့နေရာကိုရွေးပါ။ Start ကိုနှိပ်ပါ။

ဖိုင်တွေကို ဆာဗာပေါ်တင်ပါပီ။ တင်ပြီးတာနဲ့ သူက Link တစ်ခုထုတ်ပေးပါတယ်။

ဖိုင်လက်ခံမယ့်သူက Link ကိုဖွင့်ပါ Receive ကိုနှိပ်တာနဲ့ ဖိုင်ကိုလက်ခံရရှိပါပီ။

တစ်ခုသတိထားရမှာက ဖိုင်က လက်ခံမပြီးမချင်း ပို့တဲ့သူကသည်ဆိုဒ်ကိုမပိတ်ဖို့ပါပဲ။

ဖိုင်တွေကို 100MB အထိ လက်ခံပါတယ်။ ဒီလို့ လေအဟုန်နဲ့ ရောက်ရှိစေနိုင်တဲ့လိပ်စာကတော့

www.efshare.com ပါ.....အားလုံးအဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ကြပါစေ

04 March, 2013

ဖုန်းမှာ မြန်မာစာ မမြင်ရလို့ လို့  စိတ်ညစ်နေသူတွေ အတွက်

ဖုန်းမှာ မြန်မာစာ မမြင်ရလို့ လို့  စိတ်ညစ်နေသူတွေ အတွက်   ဖတ်လို့ ရအောင်  ကျနော် ဖိုးသခွါးသီး မှ လေ့ လာတွေ့ ရှိသမျှ ဖော်ပြလိုက်ပါ၏  တရုတ်ဖုန်း ဖြစ်စေ အိုင်းပါတ်ဖြစ်စေ မြန်မာစာ  ကောင်းကောင်းဖတ်နိုင်ပါသည်     အောက်မှာပြထားတဲ့    အတိုင်းပေါ်လာအောင် ဒေါင်းပေးဖို့  ဒီနေရာကနေ အရင်သွားလိုက်နော်  1st Myanmar Browser