30 December, 2012
Window7 တင်နည်း စာအုပ်(မြန်မာ)
Service လုပ်နေတဲ့သူတွေအတွက်တော့မလိုပါဘူး ကိုယ်တိုင်မလုပ်တတ်သေးသူများအတွက်အသုံးတည့်မယ်ထင်ပါတယ် ရှာဖွေ
ရင်းတွေ့လို့တင်ပေးလိုက်ပါတယ်
29 December, 2012
Torch Web Browser
ကျွန်တော်အသစ်တွေ့ထားလေးပါ သုံးကြည့်တာ ပေါ့ပေါ့ ပါးပါးနဲ့ တော်တော်လေးအဆင်ပြေလို့
ပြန်လည်မျှဝေပေးလိုက်ပါတယ်
ဗီဒီယိုကြည့်တဲ့သူငယ်ချင်းတွေ အတွက် ဒေါင်းဖို့အတွက် လုပ်ဆောင်ချက် တစ်ခါတည်းပါပါတယ်
torrent Downloader လည်းပါပါတယ် torrent ဒေါင်းပြီး အသုံးပြုသူတွေအတွက် အဆင်ပြေပါတယ်
အခြားလုပ်ဆောင်ချက်ကိုတော့ ကလိကြည့်ပေါ့ဗျာ
မြန်မာလိုမြင်ဖို့ ဖောင့်မှာ ဇော်ဂျီဖောင့်လေးပြောင်းပေးရပါမယ်
settings>>>under the hood>>Customize fonts ၀င်ပြောင်းပေးရပါမယ်
Download>>>http://www.torchbrowser.com/
20 December, 2012
ကွန်ပျူတာနှစ်လုံးကို အဝေးထိမ်းဆော့လ်ဝဲလေး
ဒါကတော့ AMMYY ADMIN ခေါ်တဲ့ ကွန်ပျူတာနှစ်လုံးကို အဝေးထိမ်း ချိတ်ဆက်လို့ရတဲ့ဆော့လ်ဝဲလေးတစ်ခုပါ သူ့ရဲ့လုပ်ဆောင်ချက်ကတော့ teamviewer ထက်တောင်သာတယ်နော် ကလိတာ ပိုပြီးတော့လည်းလွယ်တယ်နော် လိုချင်ရင် ဒေါင်းထားလိုက်ပေါ့
17 December, 2012
မိမိရဲ့ ဘလော့မှာ Related posts တွေကို thumbnails နဲ့ဖော်ပြမယ်။
မိမိဘလော့လေးပိုမို ကောင်းမွန်စေရန်နှင့် ဆွဲဆောင်မှုပိုမိုရရှိစေရန် အရင်ကရေးထားသော ပို့တွေကိုthumbnails တွေနဲ့ဖော်ပြရအောင်။
အောက်ကပုံက ကျွန်တော့်ဒီဆိုက်လေးမှာအဲဒီလိုလုပ်ထားတာပါ။အဆင့်(၁) အနေနဲ့အောက်ပါလိပ်စာအတိုင်းသွားလိုက်ပါ။
http://www.linkwithin.com/learn?ref=widget
အဆင့်(၂) အနေနဲ့ လိုအပ်တာတွေကို ဖြည့်ပါ။
အောက်မှာပုံနဲ့ ရှင်းပေးထားပါတယ်
blog link နေရာမှာ သင့်ဘလော့ လိပ်စာကိုထည့်ပါ။
platform ဆိုတဲ့နေရာမှာသင်တို့သုံးနေတဲ့ ဘလော့ဆိုက်အမျိုးအစားကိုရွေးပါ။
ဥပမာ blogger နဲ့သုံးရင် blogger ဆိုတာကိုရွေးပါ။ wordpress,typepad စသည်ဖြင့်ပါ ပါတယ်။
နောက်တဆင့်က သင့်ဘလော့ template အမည်း စာလုံးတွေက ထင်ရှားတယ်ဆိုရင်ဆိုပါက My blog has light text on a dark background ဆိုတာလေးကို ကလစ်ပေးခဲ့ပါ။
အာလုံးပြီးရသ် Get Widget ကိုနှိပ်လိုက်ပါ။
နောက်အဆင့်ကတော့အောက်ပါအတိုင်းလုပ်ပါ။
အနီရောင်နဲ့ ၀ိုင်းထားတာကိုကလစ်လိုက်ပါ။
နောက် ပြီးတော့ ADD WIDGET ကိုကလစ်လိုက်ပါ။
ပြီးရင် link within ဆိုတဲ့ widget လေးကို blog posts အောက်ခြေကို ဖိဆွဲလာခဲ့ပါ။
ပြီးရင် save ကိုကလစ်ပါ။ဒါဆိုရင့် သင့်ရဲ့ blogspot ဆိုက်လေးပိုမိုပြည့်စုံးသွားပါပြီ။
16 December, 2012
Mobile ဖုန်းမှတဆင့် phone number မပေါ်အောင် ခေါ်နည်း
ဒီပို့စ်လေးကတော့ ကိုယ့်သူငယ်ချင်းတွေအချင်းချင်း စချင်နောက်ချင်တဲ့သူတွေအတွက် ဖုန်းခေါ်တဲ့အခါ ဘယ်သူခေါ်မှန်းမသိ၊ phone number မပေါ်အောင် ခေါ်နိုင်တဲ့ နည်းဖြစ်ပါတယ်။ ဗဟုသုတ သဘောအဖြစ် တင်ပေးလိုက်တာပါ။ သိပြီးသားမိတ်ဆွေတွေလည်းရှိမှာပါ။သူတစ်ပါးကို မ
ကောင်းတဲ့ စိတ်နဲ့ စိတ်အနှောက်ယှက်ဖြစ်အောင်လုပ်ဖို့
အသုံးမပြုပါနဲ့လို့ အကြံပြုပါတယ်။
သင်ပြုသည့်ကံ ပဲ့တင်သံ သင့်ထံပြန်လာမည်တဲ့
အသုံးပြုပုံကတော့
၁။ *67 ကိုနှိပ်ပါ ပြီး၇င် မိမိခေါ်ချင်တဲ့ phone number တန်းနှိပ်ပြီး ခေါ်လိုက်ပါ။
wyzo brower လေး သုံးကြည့်ရအောင်
သုံးရတာ ပိုမို မြန်စေသော wyzo brower လေး သုံးကြည့်ရအောင်။
သူငယ်ချင်းတွေလည်း စမ်းသုံးကြည့်စေချင်ပါတယ်။ အကြိုက်တွေ့မယ်လို့ ထင်ပါတယ်။ အားလုံး အစဉ်ပြေပါစေ
ဒုတိယအဆင့်ကတော့
ကျွန်တော်တော့ ဒါလေးကို
စမ်းသုံးကြည့်နေပါတယ်။အားလုံးမြန်ဆန်ပြီ သုံးရတာ အစဉ်ပြေတဲ့အတွက်ကြောင့်
သူငယ်ချင်းတွေကို မျှဝေလိုက်ပါတယ်။ အားလုံးအစဉ်ပြေကြပါစေ။
Gtalk Skin လှလှလေးတွေသုံးကြရအောင်..
Gtalk Skin လှလှလေးတွေသုံးကြရအောင်..
မယ်ထင်ပါတယ် အလန်းလေးတွေမှသုံးချင်သူများအတွက်
အပြာရောင် Skin
အစိမ်းရောင် Skin
ပန်းနုရောင် Skin
Zawgyi-One for Samsung Galaxy Phones
Samsung
Galaxy အမျိုးအစားဖုန်းတွေဟာ root လုပ်စရာမလိုဘဲ
မြန်မာဖောင့်ထည့်သွင်းနိုင်ပါတယ်။ Samsung Galaxy
ဖုန်းတွေမှာမြန်မာစာမြင်ရဖို့အတွက်အောက်မှာပေးထားတဲ့ဖိုင်လေးကိုအရင်
download ရယူလိုက်ပါ။
Window 7 သမားများအတွက် ဇော်ဂျီ font
Window7သုံးပြီးဇော်ဂျီဖောင့်သုံးမရတဲ့ သူငယ်ချင်းများအတွက်
ဖော်ပြပေးလိုက်ပါတယ်။ ယခု ဖော်ပြပေးတဲ့ ဇော်ဂျီဖောင့် Installer ကို
အသုံးပြုကြည့်ပါ။ ဒီဖောင့်က Window 7 မှာ အဆင်ပြေတယ် ပြောပါတယ်။
သုံးကြည့်ပါ။ ဒီဖောင့် ကိုဒေါင်းပြီး အရင်ဆုံး Install
လုပ်လိုက်ပါ ပြီးရင်တော့ အောက်မှာပေးထားတဲ့လင့်ခ် ကိုဒေါင်းလိုက်
ဒေါင်းပြီးရင် zip ဖြည်လိုက်ပါ အဲဒီထဲမှာပါတဲ့ setup ဆိုတာလေးကို doubel
click နဲ့ Install လုပ်လိုက်ပါနော်…။ windows7 64bit နဲ့ zawgyi font
ရိုက်လို့ မရတဲ့ပြဿနာတက်နေတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်…window 7
အတွက်ကတော့ အခု အောက်မှာပေးထားတဲ့ လင့်ခ်လေးက
ဒေါင်းလော့ခ်ဆွဲလိုက်ပါခင်ဗျာ။ window 7 သမားတွေ အဆင်ပြေ
ချောမွေ့နိုင်ကြပါစေ.....။
စ်သူကိုနမ်းခြင်းဖြင့်ကျန်းမာရေးထောက်ကူပေးခြင်း
သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။
တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …
၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။
၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။
၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။
၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။
၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။
၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။
၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား???။မူလဆောင်းပါးဧ။်အနှစ်အရသာ
ပျောက်ပျက်သွားမည်ဖြစ်သောကြောင့်ကော်ပီဖော်ပြထားခြင်းဖြစ်ပါသည်။
11 December, 2012
02 December, 2012
မြန်မာxအင်္ဂလိxဖောင့် မျိုးစုံ
ကဲ ဒီနေ့တော့ Flash Song လုပ်တာ ဝါသနာပါတဲ့ သူငယ်ချင်းတွေအတွက်ရော.. Photoshop တို့ ဒီဇိုင်းလုပ်တာ ဝါသနာပါတဲ့ သူငယ်ချင်းတွေအတွက်ရော မြန်မာဖောင့် လှလှလေးတွေ တင်ပေးလိုက်ပါတယ်နော်.. လိုချင်တယ်ဆိုရင်တော့ အောက်မှာ Download ပေးထားပါတယ်။ 1. Metrix ၊ ဒီမှာနှိပ်ပါ။ 2. ArtHouse ၊(Open&TrueType) ဒီမှာနှိပ်ပါ။ 3. Win Myanmar 2 ၊ ဒီမှာနှိပ်ပါ။ 4. Shwe ၊ ဒီမှာနှိပ်ပါ။ 5. Academy ၊ ဒီမှာနှိပ်ပါ။ 6. Aeyar ၊ ဒီမှာနှိပ်ပါ။ 7. CE ၊ ဒီမှာနှိပ်ပါ။ 8. U4Myanmar ၊ ဒီမှာနှိပ်ပါ။ 9. King ၊ ဒီမှာနှိပ်ပါ။ Font တွေကို ခေါင်းစဉ်အလိုက် ကိုးမျိုး တပ်ထားပါတယ်။ တစ်မျိုးစီမှာ Font အရေအတွက် တော်တော်များများ ပါ ပါတယ်။ မြန်မာဖောင့် ၂၀၀ ကျော်ပါပါသည်။ |
Subscribe to:
Posts (Atom)